(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်

 


မကွေး၊ ဒီဇင်ဘာ    ၁၇

(၇၄)နှစ်မြောက်လွတ်လပ်‌ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး(ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၇၄)နှစ်မြောက်လွတ်လပ်‌ရေးနေ့ အခမ်းအနား ကျင်းပရေးဦးစီး ကော်မတီနာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်ကအဖွင့် အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်း အနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော် မတီများအား ဖွဲ့စည်းထားပြီး လုပ်ငန်းများအား ဆောင်ရွက်စေခြင်းဖြစ်ပြီး လုပ်ငန်းဆပ်ကော်မတီများအနေဖြင့် မိမိတို့လုပ်ငန်း များ ဆောင်ရွက်ရာတွင် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် ကြုံတွေ့ရသော အခက်အခဲများ အား ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပရခြင်းဖြစ် ပါကြောင်း၊ လုပ်ငန်း ဆပ်ကော်မတီများအနေဖြင့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးစေ လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ (၇၄)နှစ်မြောက်လွတ်လပ်‌ရေးနေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံ‌ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက အမှာစကားပြောကြားခဲ့ပြီးနောက် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများမှ မိမိတို့လုပ်ငန်းကော်မတီများ အလိုက်လုပ်ငန်းဆောင်ရွက်ထား ရှိမှုအခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ထို့နောက် (၇၄)နှစ်မြောက်လွတ်လပ်‌ရေးနေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ အတွင်းရေး မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်က လွတ်လပ် ရေးနေ့ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်မည့် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ ပေးအပ်နိုင်ရေး ဆောင်ရွက်ထား ရှိမှုအခြေအနေအား ရှင်းလင်းတင်ပြ ခဲ့ပြီးနောက် အခမ်းအနားကို တက်ရောက်လာကြသူများက လိုအပ်သည်များအား ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် (၇၄)နှစ်မြောက်လွတ်လပ်‌ရေးနေ့ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ နာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - ကိုစည်သူ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)