ဒိုက်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်


ဒိုက်ဦး၊ ဒီဇင်ဘာ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများအား ယနေ့နံနက် ၉နာရီအချိန်မှစတင်၍ ဒိုက်ဦးမြို့နယ် စည်ပင်သာယာခန်းမ၌ ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများနှင့် ကာကွယ်ဆေး လုံးဝမထိုးရသေးသူများအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

ထိုသို့ ထိုးနှံပေးရာတွင် ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိနေသူ (၃၄၁)ဦးနှင့် ကာကွယ်ဆေး လုံးဝမထိုးရသေးသူများ (၆၀၀) ဦးတို့အား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ မီးသတ်နှင့် စေတနာရှင် လူငယ်အဖွဲ့တို့မှ ဝိုင်းဝန်းကူညီပေးခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)