တောင်ကြီး၊ ဒီဇင်ဘာ ၁၃
တအောင်းလက်နက်ကိုင် (TNLA)အဖွဲ့၏ ခြိမ်းခြောက်ဆက်ကြေးကောက်မှုကြောင့် နမ့်ခမ်းမြို့မဈေးမှ ဈေးသူဈေးသားများ ဈေးမထွက်ဘဲ ဆန္ဒဖော်ထုတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
TNLA အဖွဲ့၏ ဆက်ကြေးကောက်မှုကို လက်မခံသည့်နေအဖြင့် ယနေ့ ဒီဇင်ဘာ ၁၃ရက်မှစတင်၍ ဒီဇင်ဘာ ၁၇ရက်အထိ ၅ရက်ကြာ ဈေးဆိုင်များပိတ်၍ ဆန္ဒပြသွားမည်ဟုသိရသည်။
ယခင်က နမ့်ခမ်းမြို့မဈေးအတွင်း ယခုလို ဆက်ကြေးကောက်ခံမှုမျိုးမရှိခဲ့ကြောင်း၊ TNLA အဖွဲ့က ပထမဆုံးဆက်ကြေးကောက်သည့် အဖွဲ့ဖြစ်ကြောင်း၊ ဆက်ကြေးကောက်ခံရာတွင် အနည်းဆုံး ငွေကျပ်သုံးသိန်းမှစ၍ တောင်းခံနေကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။
လက်ရှိ နမ့်ခမ်းမြို့တွင် ကိုဗစ်ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် ဒေသခံပြည်သူများစားဝတ်နေရေး ခက်ခဲနေကြောင်း ဈေးသည်တွေက ဆိုသည်။
သတင်း - သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment