မြန်မာ - တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာ ၇

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက  မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများဖြစ်သည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေး နှင့်သက်ဆိုင်သည့် စီမံကိန်းများ၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စီမံကိန်းများကို အကောင် အထည်ဖော်ရာတွင် နှစ်နိုင်ငံအကြား သဘောတူညီထားသည့် နားလည်မှုစာချွန်လွှာများ၊ သဘောတူ စာချုပ်များနှင့် စာလွှာများနှင့်အညီ ဆက်လက်အကောင် အထည်ဖော်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ တွေ့ကြုံရသောအခက်အခဲများ၊ နှစ်နိုင်ငံညှိနှိုင်းပေးရမည့် ကိစ္စရပ်နှင့် မူဝါဒခံယူပေးရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးရန် မှာကြားသည်။


ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။


အစည်းအဝေးသို့ တက်ရောက်လာသော အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ စီမံကိန်းများအလိုက် အကောင်အထည်ဖော်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များ ဖြည့်စွက်အကြုံပြု ဆွေးနွေး ခဲ့ကြသည်။


အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဝန်ကြီးဌာန အသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတို့မှ ကိုယ်စားလှယ် များက Virtual စနစ်ဖြင့် ပါဝင် တက်ရောက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)