မြောက်ဥက္ကလာပမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် ဆေးထိုးအပ်များအား လာရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် ဆေးထိုးအပ်များအား လာရောက်လှူဒါန်း

 


မြောက်ဥက္ကလာပ၊ ဒီဇင်ဘာ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဆေးထိုးနှံရာတွင် အဓိက လိုအပ်လျက်ရှိသည့် ဆေးထိုးအပ်များကို ယမန်နေ့ နံနက်ပိုင်းက ဝေဘာဂီရပ်ကွက် စက်မှုလက်မှုကျောင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာ နေရာသို့ အလှူရှင်မှ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ဦးသန့်စင်ဦး၊ ဒေါ်သွယ်သွယ်အေး မိသားစုက ဆေးထိုးအပ် (၄၀၀၀)ကို လှူဒါန်းခဲ့ရာ  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမြတ်စန္ဒာအေးက လက်ခံရယူခဲ့ပြီး အလှူရှင်အား ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပ မြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ဦးရေမှာ(၁၄၀၀၀၀)ကျော် ဖြစ်ပြီး ယခုအချိန်၌ အခြေခံပညာကျောင်းများတွင် ကျောင်းတက်ရောက်နေသည့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - မြမြဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)