တွံတေးမြို့နယ်နေ ပြည်သူများအား ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးဆန်၊ ဆီ၊ ကြက်ဥနှင့် အသားများရောင်းချပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တွံတေးမြို့နယ်နေ ပြည်သူများအား ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးဆန်၊ ဆီ၊ ကြက်ဥနှင့် အသားများရောင်းချပေးလျက်ရှိ

တွံတေး၊ ဒီဇင်ဘာ  ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလ အတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် တွံတေး မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ တွံတေးမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီက အုန်းပင်စုရပ်ကွက်၊ ရွှေဆံတော်ဘုရား လမ်းမကြီးပေါ်ရှိ အ.ထ.က( ၁)ကျောင်းရှေ့နှင့် ဈေးသစ် ရပ်ကွက်ရှိ မြို့မစည်ပင်သာယာရေးဈေးရှေ့တို့တွင် ဆန်၊ ဆီ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချ ရေး မော်တော်ယာဉ်များ၊ အသားရောင်းယာဉ်တို့ဖြင့် မြို့နယ်နေပြည်သူများအား‌ အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ဆီ၊ အသားများကို ဈေးနှုန်းသင့်တင့်စွာ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်း (၁) ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် (၅)ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၅၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ပေါ်ဆန်း (၁)ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် (၅)ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၈၅၀၀ နှုန်းဖြင့်လည်းကောင်း ဆီ ၅၀ သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ ဖြင့် လည်းကောင်း၊ ကြက်ဥ ၁၀ လုံး တစ်ကတ်ကို ၁၃၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာကို၁၈၀၀ကျပ်နှုန်းဖြင့် ပိဿာချိန်(၄၀)၊ အမဲသားတစ်ပိဿာကို ၁၂၀၀၀ ကျပ်ဖြင့် ပိဿာချိန်(၂၀)ကို ရွေ့လျားဈေးကား Mobile Market ဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - မျိုးလှိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)