ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ




ငါးသိုင်းချောင်း၊  ဒီဇင်ဘာ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမဆေးထိုးစုရပ်၌ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ကို ဒေသခံပြည်သူများသို့ ဦးစားပေးဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ အောက်တိုဘာလ ၂၁ ရက်နေ့နှင့် အရှေ့ပိုင်းက (ပထမအကြိမ်)ကာကွယ်ဆေး ထိုးနှံပြီးသူများကိုလည်း (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးထိုးပြီး ကြောင်းသက်သေခံလက်မှတ်များ ထုတ်ပေးခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ သက်ဆိုင်ရာ မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်း လူမှုရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ ဆေးထိုးစုရပ်၌ ယနေ့နံနက်ပိုင်းအထိ ကာကွယ်ဆေး (ပထမအကြိမ်) လာရောက်ထိုးနှံသူ(၁၅၀)ဦး ခန့်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပြီးစီးသူ စုစုပေါင်း(၅၅၄၆)ဦး ရှိပြီဖြစ်ကြောင်း သိရှိရပြီး ကာကွယ်ဆေးထိုးရက်များတွင် နံနက် ၈ နာရီ ၃၀ မိနစ်မှ ညနေ ၃ နာရီအထိ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအစီအစဉ်များကိုလည်း အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ကြိုတင်အသိပေး ကြေညာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - စိုးမင်းဦး

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)