မကွေး၊ ဒီဇင်ဘာ ၉
ယနေ့ (ဒီဇင်ဘာ ၈ရက်)နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်ဇေယျာ ၉လမ်းရှိ နေအိမ်တစ်လုံးပေါ်သို့ လက်ပံပင်သစ်ကိုင်းပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ သိရသည်။
အခင်းဖြစ်စဉ်ကြောင့် နေအိမ်အတွင်းနေထိုင်သည့် လင်မယားနှစ်ဦး အပျက်အစီးများကြား ပိတ်မိနေခဲ့ပြီး အရေးပေါ်ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါလင်မယားနှစ်ဦးအနက် အမျိုးသားမှာ အခင်းဖြစ်နေရာ၌သေဆုံးခဲ့သည်။ အမျိုးသမီးမှာ ခါးရိုးနှင့် လက်( ပြင်းထန် )ရရှိခဲ့ပြီး လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မကွေးတိုင်းဆေးရုံသို့ အရေးပေါ်ကူညီပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment