နေအိမ်ပေါ်သို့ သစ်ကိုင်းပြိုကျရာ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ - Myanmar National Post

Myanmar National Post

News Agency

Breaking

နေအိမ်ပေါ်သို့ သစ်ကိုင်းပြိုကျရာ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ





မကွေး၊ ဒီဇင်ဘာ ၉

ယနေ့ (ဒီဇင်ဘာ ၈ရက်)နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်ဇေယျာ ၉လမ်းရှိ နေအိမ်တစ်လုံးပေါ်သို့ လက်ပံပင်သစ်ကိုင်းပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ သိရသည်။


အခင်းဖြစ်စဉ်ကြောင့် နေအိမ်အတွင်းနေထိုင်သည့် လင်မယားနှစ်ဦး အပျက်အစီးများကြား ပိတ်မိနေခဲ့ပြီး အရေးပေါ်ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။


အဆိုပါလင်မယားနှစ်ဦးအနက် အမျိုးသားမှာ အခင်းဖြစ်နေရာ၌သေဆုံးခဲ့သည်။ အမျိုးသမီးမှာ ခါးရိုးနှင့် လက်( ပြင်းထန် )ရရှိခဲ့ပြီး လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မကွေးတိုင်းဆေးရုံသို့ အရေးပေါ်ကူညီပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)