ပင်လောင်း၊ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘိန်းစိုက်ရာသီအတွင်း ကျေးရွာအုပ်စုများ၌ စိုက်ပျိုးထားသော ဘိန်းခင်းများအား ပူးပေါင်းအဖွဲ့များဖြင့် ဖျက်ဆီးမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၄ ရက်က တောင်ကြီးခရိုင်နှင့် ပင်လောင်းမြို့နယ်တို့မှ ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၄) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်တော်သားများ၊ မူးယစ်တပ်ဖွဲ့စု(၂၆)မှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ပအိုဝ်းဌာနေ ပြည်သူ့စစ်အဖွဲ့မှ အဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လိန်းညားကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာအနောက်ဘက် ၂ မိုင်ခန့်အကွာ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း (၅၀)ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်းနှင့် ပင်လောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘိန်းစိုက်ရာသီအတွင်း ဘိန်းစိုက်ဧက စုစုပေါင်း (၅၂၃)ဧကခန့်အား ဖျက်ဆီးဆောင်ရွက်ပြီးဖြစ်ကြောင်း ပင်လောင်းမြို့နယ် ရဲတပ်ဖွဲမှူးရုံးမှ သိရှိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment