Pages

Pages

ဒိုက်ဦးမြို့နယ်၌ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်


ဒိုက်ဦး၊ ဒီဇင်ဘာ   ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP) အရ ပြုလုပ်သော အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဖူဆယ် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီ အချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အားကစားအသင်း (၁၀)သင်းသည် ဒီဇင်ဘာလ (၁၂)နေ့မှ စတင် ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့နောက်ဆုံး ဗိုလ်လုပွဲတွင် Tiger FC နှင့် Goat FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Goat FC အသင်းမှ Tiger FC အသင်းအား ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

အဆိုပါ အနိုင်ရဗိုလ်စွဲခဲ့သော အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပထမ ငွေသားဆု(၄)သိန်းနှင့် ငွေဖလားဆုအား ချီးမြှင့်ပေးအပ်ခဲ့သည်။ ပြိုင်ပွဲတွင် ပထမဆု ငွေသား(၄)သိန်းကျပ်၊ ဒုတိယဆုငွေသား(၃)သိန်းကျပ်နှင့် တတိယဆုငွေသား (၂)သိန်းကျပ် တို့အား အသီးသီးချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပဲခူးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်း၊ ဌာန ဆိုင်ရာများ၊ ဒိုက်ဦးမြို့နယ် အားကစားနှင့် ကာယပညာကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ အားကစားသမားများ၊ ဝါသနာရှင်ပြည်သူများသည် ကိုဗစ်-၁၉ စည်းကမ်းနှင့် အညီ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။ 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment