Pages

Pages

မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့အဝင်/ထွက် ဂိတ်တွင် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်

 


မိုင်းဆတ်၊ ဒီဇင်ဘာ    ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ အဝင်/ထွက် ဆိုက်ခေါင်ဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာစစ်ဆေးဆောင်ရွက်ခြင်းကို နေ့စဉ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ မြို့ဝင်၊ မြို့ထွက်ဆိုက်ခေါင်ဂိတ်တွင် ဖြတ်သန်းသွားလာသော ခရီးသွား ပြည်သူများနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား (RDT)ဖြင့် စစ်ဆေးခြင်း၊ နှာခေါင်းစည်း များ တပ်ဆင်သွားလာရန် အသိပညာပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခြင်းနှင့် ခရီးသွား ရာဇဝင်မှတ်တမ်းရေးသွင်းခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။

မိုင်းဆတ်မြို့အဝင်/ထွက် ဆိုက်ခေါင်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေး အတွက် နေ့စဉ်နံနက်(၆)နာရီမှ ညနေ(၆)နာရီထိ ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ အလှည့်ကျ တာဝန်ချစနစ်ဖြင့် စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - မြင့်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment