Pages

Pages

မအူပင်မြို့တွင် အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ



မအူပင်၊ ဒီဇင်ဘာ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဒီဇင်ဘာလ ၁၄ရက် နံနက်ပိုင်းတွင် မအူပင်မြို့ တိုးရွှေဝါခန်းမတွင် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို အသက်(၁၈)နှစ်အထက် ပထမအကြိမ်ဆေးထိုးသူ (၂၅၀)ဦး လာ‌ရောက်ထိုးနှံခဲ့ပြီး ကျန်ရှိသူများအားဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အောင်ခိုင်၊အောင်မြင့်မြတ်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment