Pages

Pages

မြို့သစ်မြို့နယ်အရှိ ကျေးရွာများသို့ ကွင်းဆင်းကာ ဒေသဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်


မြို့သစ်၊ ဒီဇင်ဘာ   ၁၄

မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ကာ ကျေးရွာဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ မြို့နယ်စီမံကောင်စီအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ကျေးရွာအရောက် သွားရောက်ကာ ကျေးရွာဒေသဖွံ့ဖြိုးမှု လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံကောင်စီဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ ပူးပေါင်းကာ ဒန့်ဒလွန်ပင်ကျေးရွာ အုပ်စုအတွင်းရှိ ဒန့်ဒလွန်ပင်ကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ဒဟတ်ကုန်းကျေးရွာ၊ ဖလန်တိုင်းကျေးရွာနှင့် ရွာသစ်ကျေးရွာများရှိ ဒေသခံ မိဘများနှင့်တွေ့ဆုံကာ ကျေးရွာများရှိ ဒေသခံတောင်သူများ၏ တောင်းဆိုချက်များကို သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ကျေးရွာမိဘပြည်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် မူတည်၍လုပ်ဆောင် ပေးနိုင်သည်များကို ချက်ချင်း ဆောင်ရွက်ပေးခဲ့ပြီး ဆင်လက်တင်ပြရမည့် တင်ပြချက်များကို လည်း တိုင်း/ခရိုင်အဆင့်သို့ အမြန်ဆုံး တင်ပြ သွားမည်ဖြစ်သည်။

တင်ပြချက်များအပေါ် ကျေးရွာမိဘပြည်သူများက ကျေးလက်လမ်းများ ကောင်းမွန်စေရန် အတွက် ပြန်လည် ပြုပြင်ပေးရန် မှတ်ပုံတင်များပြုလုပ်ရာတွင် အမြန်ဆုံးနည်းဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း အခြားတင်ပြသည့် အချက်များကိုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများက တိုင်း/ခရိုင်အဆင့်ဆင့်သို့ ဆက်လက်တင်ပြ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇော် (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment