(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဂေါက်သီးရိုက် ပြိုင်ပွဲနှင့် ဂေါက်သီးရိုက်လေ့ကျင့်ရေးကွင်း ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဂေါက်သီးရိုက် ပြိုင်ပွဲနှင့် ဂေါက်သီးရိုက်လေ့ကျင့်ရေးကွင်း ဖွင့်ပွဲကျင်းပ




စစ်တွေ၊ ဒီဇင်ဘာ  ၁၁

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဂေါက်သီး ရိုက်ပြိုင်ပွဲနှင့် ဓညဝတီဂေါက်ကလပ် ဂေါက်သီးရိုက်လေ့ကျင့်ရေးကွင်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဓညဝတီဂေါက်ကလပ်၌ ကျင်းပသည်။

 ရှေးဦးစွာ ဓညဝတီဂေါက်ကလပ် ဂေါက်သီးရိုက်လေ့ကျင့်ရေးကွင်း ဖွင့်ပွဲကို အဆိုပါ လေ့ကျင့်ရေးကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းမောင်တို့က လေ့ကျင့်ရေးကွင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့နယ်ပေါင်းစုံမှ ဂေါက်သီးရိုက် ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံ နှုတ်ဆက်ကြပြီး လေ့ကျင့်ရေးကွင်း အဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 ထို့နောက် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က Smoke ball ရိုက်ပြီး ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် ပြိုင်ပွဲဝင်အသင်းသားများက သတ်မှတ်နေရာအသီးသီးမှ စတင်ကာ ယှဉ်ပြိုင်ကစား ကြသည်။

 အဆိုပါပြိုင်ပွဲတွင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း ၃၁ သင်း၊ ကစားသမား ၁၅၀ ဦး ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိကြောင်းသိရသည်။


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)