Pages

Pages

မြိတ်မြို့တွင် သက်တမ်းကုန်ဆုံး ဆေးဝါးအမျိုးအစား (၃၇) မျိုးအား မီးရှို့ဖျက်ဆီး


မြိတ်၊ ဒီဇင်ဘာ  ၂၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သက်တမ်းကုန်ဆုံး ဆေးဝါးများနှင့် ပျက်စီးနေသော ဆေးဝါးများ အား ယမန်နေ့လယ်ပိုင်းက ကလွင်ကျေးရွာ အရှေ့ကုန်းရပ်ကွက်၊ ကလွင်အမှိုက်ပုံအနီး၌ မြိတ်ခရိုင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆေးကုမ္ပဏီတာဝန် ရှိသူများနှင့်အတူ မီးရှို့ဖျက်ဆီးခဲ့ကြသည်။

“သက်တမ်းကုန်ဆုံးခဲ့တဲ့ ဆေးဝါးတွေနဲ့ ထားသိုမှုပုံစံ လွဲမှားလို့ Aircon Temperature  မကိုက်ညီလို့ ဆေးတွေ အရောင်ပြောင်းသွား တာတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ISO လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မီးရှို့ဖျက်ဆီးတာဖြစ်ပါတယ်။ ဆေးတွေကတရားဝင် ရောင်းချ နေတဲ့ ဆေးတွေဖြစ်ပါတယ်။ ဒီဆေးတွေ ကို ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနကို သတင်းပို့စစ်ဆေးပြီး ဖျက်ဆီးခြင်းဖြစ်ပါတယ်” ဟု AA Medical Prouduct Co.Ltd Myeik ရုံးခွဲမှ မန်နေဂျာ ဦးစိုးမိုးအောင်က ပြောသည်။

သက်တမ်းကုန်ဆုံးဆေးဝါးများနှင့် ပျက်စီးနေသော ဆေးဝါးများကို မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက AA Medical Prouduct Co.Ltd Myeik ရုံးခွဲမှ မန်နေဂျာဦးစိုးမိုးအောင်နှင့် ဝန်ထမ်း များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ မြေကျင်းတူး၍ မီးရှို့ဖျက်ဆီး ခဲ့ကြသည်။ ဖျက်ဆီးခဲ့သည့် ဆေးဝါးများမှာ စုစုပေါင်း (၃၇) မျိုးရှိပြီး ကာလတန်ဖိုး (၅၈) သိန်းကျော်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သတင်း - ခိုင်ထူး 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment