Pages

Pages

နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံ ပြည်သူများနှင့် သွားရောက်တွေ့ဆုံ

 


ဆင်ပေါင်ဝဲ၊ ဒီဇင်ဘာ  ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်း‌ဇော်ဦးနှင့် တာဝန်ရှိ သူများမှ ယမန်နေ့က  သာစည် ကျေးရွာအုပ်စု၊ ဂွေးတောက်စမ်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ စာသင်ကျောင်းများ ဖွင့်လှစ်မှုအခြေအနေများ၊ ကိုဗစ်ကာကွယ် ဆေးထိုးနှံမှု အခြေအနေများအား တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် သတ်မှတ်ဆေးထိုးစုရပ်များ အလိုက် ထိုးနှံပေးလျက်ရှိရာ အသက်(၁၈)နှစ်အထက်ရှိသူများ ကာကွယ်ဆေး မထိုးနှံရသေးပါက သက်ဆိုင်ရာဆေးထိုးစုရပ်များ၌ သွားရောက် ထိုးနှံကြရန်၊ ကာကွယ်ဆေးကို အကြိမ်ရေပြည့် ထိုးနှံကြရန်နှင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှု အခြေအနေများနှင့် ပတ်သက်ပြီး ကျေးရွာသူ/သားများအားအသိ ပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သတင်း - နိုင်လင်း 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment