နေပြည်တော်၊ ဒီဇင်ဘာ ၁၃
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက် မျက်ရတနာပြပွဲဗဟိုကော်မတီသည်၂၀၂၁ခုနှစ်၊ ပုလဲအတွဲများနှင့်ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) ကို ဒီဇင်ဘာလ(၁၇)ရက်မှ(၂၂)ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံအတွင်းမှ ထွက်ရှိသော ပုလဲအတွဲများနှင့်ကျောက်စိမ်း အတွဲများကို တင်ပြရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက သတင်းထုတ်ပြန်ထားသည်။
ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာအချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက် ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) တက်ရောက် ဝယ်ယူခွင့်ကိစ္စများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟို ကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)၊ မြန်မာ့ပုလဲထုတ် လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်(နေပြည်တော်)တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးကြေညာ ထားသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment