သရက်ချောင်း ဒီဇင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ မြို့မရပ်ကွက် လှုမှုဝန်ထမ်းဦးစီးဌာန၊ မူကြိုကျောင်း၌ ယနေ့နံနက်(၁၁)နာရီက ကလေးငယ်များအား အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ပွဲ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှုမှုရေးဝန်ကြီး ဦးယဉ်ထွေး၊သစ်တောနှင့်သယံဇာတဝန်ကြီး ဦးခင်မောင်မြင့် ၊ တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာ တို့နှင့် လှုမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချူပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ လဝက ဦးစီးမှူး ဦးမောင်မောင်လွင်၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဝင်းဇော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးထွန်းအောင်ကျော် မူကြိုကျောင်းတာဝန်ခံ ဦးစီးအရာရှိ ဒေါ်လှလှထွန်းနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ စုစုပေါင်း (၁၅)ဦးခန့် တက်ရောက်ပြီး လူမှုဝန်ထမ်းမူကြိုကျောင်း၌ တက်ရောက်နေသော ကလေးငယ်(၅၀)ဦးအား အာဟာရဖြည့်စွက်စာ(၄)မျိုး ပေးအပ်ခဲ့ပြီး မူကြိုကျောင်းအား လှည့်လှည် ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်း - အေးနွယ်ဝင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment