မိုးညိုမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညိုမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး


မိုးညို၊ ဒီဇင်ဘာ  ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အမျိုးအစားထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အထက မိုးညိုနှင့် အခြားဆေးထိုးစုရပ် စာသင်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးထိုးစုရပ်များဖြစ် သည့် အထက မိုးညို၊ အလက ခြံကြီးစု၊ အထက ထိန်တော၊ အထက ရေကင်း၊ အထက ပတ္တော်၊ အထက ဆင်မနိုင်၊ အထက တောင်ဇင်း၊ အထက ထွဋ်မြတ်၊ အထက ညောင်လေးပင်၊ ထ(ခွဲ)စပါယ် မျှောင်၊ အထက စိန်တိုင်ကျွန်း၊ ဆေးထိုးစုရပ် (၁၁)နေရာတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ယခင်ပထမအကြိမ် ထိုးနှံပြီး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများနှင့် ယခုဒုတိယအကြိမ် ထိုးနှံပေးသူ ကျောင်းသား၊ ကျောင်းသူ  ၁၄၂၆ ဦးတို့အား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများက ဝိုင်းဝန်းဆောင်ရွက်ပေးကြကြောင်း သိရသည်။

သတင်း - ကိုမင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)