တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ



တောင်ကြီး၊ ဒီဇင်ဘာ  ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပ သော အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက သူငယ်တော်ယေဇူး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဦးထွန်းဦးက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး သူငယ်တော်ယေဇူးကျောင်းမှ ကလေးသူငယ်များက စည်းလုံးစို့လေသွေးချင်းတို့ရဲ့ပြည် အကဖြင့်လည်းကောင်း၊ အေးသာယာ မူကြိုကျောင်းမှ ကလေးသူငယ်များက ဘုံကထိန်သီချင်းအကဖြင့်လည်းကောင်း၊ အမျိုးသမီးပရဟိတ က တောင်ယာဝင်ချိန် အကသီချင်းဖြင့်လည်းကောင်း၊ ဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ရှမ်းပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိမ်းစိမ်းစိုးက ဖျော်ဖြေတင်ဆက်ကြသည့် သူငယ်တော် ယေဇူးနှင့်မိဘမဲ့ဂေဟာ၊ အေးသာယာမူကြိုကျောင်း၊ အမျိုးသမီး ပရဟိတကေလးသူငယ်များအား ထောက်ပံ့ငွေများပေးအပ်လှူဒါန်းရာ သူငယ်တော်ယေဇူး နှင့်မိဘမဲ့ဂေဟာမှ တာဝန်ရှိသူတစ်ဦးက လက်ခရယူခဲ့ပြီး တက်ရောက်လာကြသော သူငယ်တော် ယေဇူးနှင့်မိဘမဲ့ဂေဟာ၊ အေးသာယာမူကြိုကျောင်းနှင့် အမျိုးသမီးပရဟိတကလေးသူငယ်များအား အာဟာရများ ကျွေးမွေးခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားသို့ ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းဦး၊ ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိမ်းစိမ်းစိုး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်မိခင်နှင့် ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဆွေဝင်း၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုး၊ သူငယ်တော်ယေဇူးနှင့် မိဘမဲ့ဂေဟာ၊ အေးသာယာမူကြိုကျောင်း၊ အမျိုးသမီးပရဟိတ ကလေးသူငယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

သတင်း - စိုင်းသန်းကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)