နမ့်စန်တွင် ဒီဇင်ဘာ ၁၄ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါလူနာအသစ် ၁၉ ဦး စစ်ဆေးတွေ့ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် ဒီဇင်ဘာ ၁၄ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါလူနာအသစ် ၁၉ ဦး စစ်ဆေးတွေ့ရှိ



နမ့်စန်၊ ဒီဇင်ဘာ  ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် တွင် ယမန်နေ့ နေ့လည်ပိုင်းမှ ယနေ့ နေ့လည်ပိုင်း အတွင်း  RDT Test kit စစ်ဆေးမှုအရ  အမျိုးသား ၁၃ ဦး နှင့် အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၁၉ ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုး၍ လာရောက် ပြသသူများနှင့် အခြားကွင်းဆင်းစစ်ဆေးသည့်နေရာ တို့မှစုစုပေါင်း ၂၀၆ ဦးကို မြို့နယ် ပြည်သူ့ဆေးရုံနှင့် အဆိုပါ ကွင်းဆင်းစစ်ဆေးသည့်နေရာများတွင်  ယမန်နေ့ နေ့လည် ၂နာရီမှ ယနေ့ နေ့လည် ၁နာရီ အတွင်း RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမှတ်(၆)ရွာ မှ အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၂ ဦး၊ အမှတ်(၅)ရပ်ကွက် မှ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး၊ အမှတ်(၁)ရပ်ကွက် မှ အမျိုးသား ၁ ဦး၊ အမှတ်(၂)ရပ်ကွက်မှ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမှတ်(၃)ရပ်ကွက်မှ အမျိုးသား ၂ ဦး၊  စုစုပေါင်း ၁၉ ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိ ခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာ ၁၉ ဦးအား မြို့နယ်ပြည်သူ့ဆေးရုံရှိ ၄ ထပ် ဆောင်တွင် ထားရှိကုသပေးလျက် ရှိကြောင်း သိရသည်။

နမ့်စန်မြို့တွင် ဒီဇင်ဘာလ ၁၄  ရက်နေ့ နေ့လည်ပိုင်းအထိ မြို့နယ်ပြည်သူ့ ဆေးရုံတွင်ကုသဆဲ ကိုဗစ်-၁၉အတည်ပြုလူနာစုစုပေါင်း၇၇ ဦး ရှိကြောင်း  သိရသည်။                                                

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)