နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသူများအား စတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသူများအား စတင်ထိုးနှံပေး

 


နောင်ချို၊ ဒီဇင်ဘာ   ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို ယနေ့နံနက် (၉) နာရီအချိန်မှစ၍ နောင်ချိုမြို့ မဏိရတနာ ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ဒုတိယအကြိမ်ကို ဒီဇင်ဘာလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ဆေးထိုးနှံရာတွင် စက်တင်ဘာလ ၁၉ ရက်မှ ၂၃ ရက်ထိ၊ စက်တင်ဘာလ ၂၈ မှ အောက်တိုဘာ ၂ ရက်၊ အောက်တိုဘာ ၉ ရက်နေ့မှ ၁၁ ရက်၊ အောက်တိုဘာ ၁၄ ရက်နေ့မှ ၁၅ ရက်၊ နိုဝင်ဘာ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ ပထမအကြိမ်ထိုးနှံခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများ (၁၃၀၈၅) ကို ထိုးနှံပေး သွားမည်ဖြစ်ကြောင်း၊ ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်း ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

နောင်ချိုမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိပြီး ဆေးမထိုးမီ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ်(၃၀) ခန့်အနားယူစေခြင်းများကို ကျန်းမာရေးဌာနနှင့်အတူ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့များက ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်း - ထွေးငယ်၊ (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)