မြန်မာနိုင်ငံတွင် စက်မှုဥယျာဉ်တည်ဆောက်မှု ဖွံ့ဖြိုးတိုးတက်နေဆဲဟု တရုတ်သံရုံး၊ စီးပွားရေးသံမှူးပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတွင် စက်မှုဥယျာဉ်တည်ဆောက်မှု ဖွံ့ဖြိုးတိုးတက်နေဆဲဟု တရုတ်သံရုံး၊ စီးပွားရေးသံမှူးပြော




ရန်ကုန်၊ ဒီဇင်ဘာ ၈

မြန်မာနိုင်ငံတွင် စက်မှုဥယျာဉ်တည်ဆောက်မှု ဖွံ့ဖြိုးတိုးတက်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu ကပြောကြားသည်။


တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူး၍ TEDA Group ကတာဝန်ခံကျင်းပသည့် မြန်မာနိုင်ငံ စက်မှုဥယျာဉ်တည်ဆောက်မှုမွမ်းမံသင်တန်းဖွင့်ပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။


အဆိုပါသင်တန်းကို ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့်စတင်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံမှ ဝန်ကြီးဌာနများနှင့် အထူးစီးပွားရေးဇုန်မှ သင်တန်းသားသင်တန်းသူပေါင်း ၃၀ဦး တက်ရောက်ခဲ့သည်။ 


တရုတ်သံရုံး၊ စီးပွားရေးသံမှူး Mr. Tan Shufu က မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်နှင့်စက်မှုဥယျာဉ် အလွန်များပြားကြောင်း၊ စက်မှုဥယျာဉ်တည်ဆောက်မှုသည် ဖွံ့ဖြိုးတိုးတက်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူလူနေမှုဘဝကောင်းမွန်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းမြှင့်တင်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်ကြောင်း၊ တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံ၏ စက်မှုဥယျာဉ်တည်ဆောက်မှုတွင် ပါဝင်ပြီး သို့မဟုတ် ပါဝင်နေဆဲဖြစ်ကြောင်း၊ ၎င်းတို့အနက် ကုန်ချောပေးလက်ခစားလုပ်ငန်း (CMP) ပေါင်း ၅၀၀ ကျော်ပါဝင်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ငါးသိန်းနီးပါးထောက်ပံ့ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် စက်မှုဇုန် အထူးသဖြင့် လုပ်အားအများအပြားလိုအပ်သည့် စက်မှုလုပ်ငန်းများတိုးတက်သည့် အကောင်းမွန်ဆုံးကာလတွင်ရောက်ရှိနေကြောင်း၊ ယခုအကြိမ်မွမ်းမံသင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် တရုတ်နိုင်ငံက စက်မှုဥယျာဉ်တည်ဆောက်ရာတွင်တွေ့ကြုံရသည့်အခက်အခဲ၊ ပြဿနာနှင့် ဖြေရှင်းသည့်နည်းလမ်းများဆွေးနွေး၍ တရုတ်နိုင်ငံ စီးပွားရေးဥယျာဉ်စီမံရေးဆွဲမှု၊ တည်ဆောက်မှုနှင့် စီမံအုပ်ချုပ်ရေးအပိုင်း၏အတွေ့အကြုံများကို မျှဝေရန်ဖြစ်ကြောင်း၊ ယခုအကြိမ်မွမ်းမံသင်တန်းကျင်းပမှုသည် မြန်မာနိုင်ငံစက်မှုဇုန်တည်ဆောက်မှု၊ တရုတ်ကုမ္ပဏီများ မြန်မာစက်မှုဥယျာဉ်တည်ဆောက်မှုတွင်ပါဝင်ရန် ဆွဲဆောင်မှုတို့အတွက် လမ်းညွှန်မှုနှင့်ကူညီမှုအကျိုးဖြစ်ထွန်းရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။


ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ယခုအကြိမ်မွမ်းမံသင်တန်းအား အွန်လိုင်းစနစ်ဖြင့် ၁၄ရက်ကြာကျင်းပသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။


သတင်း  သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)