ကျောက်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားပြုလုပ်


ကျောက်ကြီး၊ ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်း အခမ်း အနားအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအား ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းရီက (၂၀၂၁ ခုနှစ် - ၂၀၂၂ ခုနှစ်) ပထမ ဘတ်ဂျက်ကာလတွင် အကောင်ထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၃၀၀)စီနှင့် မြစိမ်းရောင်စီမံကိန်း ကျေးရွာများဖြစ်သော ရေလဲ(ဗမာ)နှင့် ကျွန်းကုန်းကျေးရွာအတွက် ကျပ်သိန်း (၆၀၀)၊ ကျေးရွာဖွံဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၁၀၀) နှုန်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာဖြစ်သော ရင်းတိုက်ကုန်း၊ အုန်းပင်စု၊ တောင်စု၊ မရမ်းစိန်လေးကျေးရွာများအတွက် ကျပ်သိန်း(၄၀၀)အား ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် သဘောတူ စာချုပ်ချုပ်ဆိုခြင်း အခမ်းအနား ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြစိမ်းရောင်စီမံကိန်းကျေးရွာနှစ်ရွာ ကော်မတီဝင်များနှင့် ကျေးရွာဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကျေးရွာ(၄)ရွာရှိ ကျေးရွာကော်မတီဝင်များ လက်သို့ ကျောက်ကြီးမြို့နယ်အတွက် ရရှိရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)အား သက်ဆိုင်ရာတာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ကြပြီး၊ အခမ်း အနားသို့ တက်ရောက်လာသော မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များနှင့် ကျေးရွာဖွံဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာကော်မတီဝင်များက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။

 အဆိုပါအခမ်းအနားအား ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် အုပ်ချုပ် ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးကဲများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များနှင့် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ကျေးရွာကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)