ပြင်ဦးလွင်မြို့နယ်၌ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်၌ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး





ပြင်ဦးလွင်၊ ဒီဇင်ဘာ   ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတို့မှ  အသက်  ၁၂ နှစ် နှင့် အထက်  အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီ မှစတင်ပြီး   အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆေးထိုးစုရပ် အဖြစ်သတ်မှတ်ပြီး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ကာကွယ်ဆေးထိုးစုရပ်နေရာသို့   ဆေးထိုးရန် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်း သူများအား  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လက်ဆေးခြင်း၊ Mask နှင့် Face Shield  များ တပ်ဆင်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ စာရင်းများရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာ များ စစ်ဆေးခြင်း စသည့်ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး  ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ  ပူးပေါင်းကာ  ကာကွယ်ဆေး ( ၁ ) လုံး လျှင် လူဦးရေ  (၂) ဦးနှုန်းဖြင့်  ကျောင်းသား ၊ကျောင်းသူ စုစုပေါင်း ( ၁၃၀ ) ဦး ထိုးပေးလျက် ရှိသည်။ 

ဆက်လက်ပြီး ကာကွယ်ဆေးထိုးနှံပြီးသည့်  ကျောင်းသား၊ ကျောင်းသူများကိုလည်း နောက်ဆက် တွဲကျန်းမာရေးအခြေအနေများ သီးသန့်ထားရှိစောင့်ကြည့်စေကာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အပြည့်အဝပေးလျက်ရှိပါကြောင်းနှင့် ဆေးထိုးစုရပ်အဖြစ်သတ်မှတ်ထားသည့်  အခြေခံပညာကျောင်းများတွင်လည်း  ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်   ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)