မိုးညို၊ ဒီဇင်ဘာ ၁၇
မိုးညိုမြို့နယ်တွင် သီလရှင်စာသင်တိုက်ဆာက်လုပ်ရန်မြေသန့်မင်္ဂလာနှင့် ပန္နက်တင်အခမ်းအနားပြုလုပ် ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မိုးညိုမြို့နယ်ရွှေပြည်သာရပ်ကွက်၊ဗိုလ်နေဝင်းလမ်းနှင့်အောင်သိဒ္ဓိလမ်းထောင့်၌ဆောက်လုပ်မည့် ဂုဏဝတီသမိဒ္ဓေါဒယ သီလရှင်စာသက်တိုက်နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်မည့်မြေနေ ရာ မြေသန့်မင်္ဂ လာနှင့် ပန္နက်တင် အခမ်းအနားကိုယနေ့နံနက် (၉)နာရီအချိန်ကကျင်းပပြုလုပ်ရာ ဓမ္မိကပရိယတ္တိကျောင်းတိုက်ဆရာတော် မဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တ နှင့်သံဃာတော်များကနမောတဿ (၃)ကြိမ် ရွတ်ဆို၍ဖွင့်လှစ်ပေးပြီး၊မိုးညိုမြို့၊ရွှေဥဒေါင်းရပ်ကွက်ဝေယန္တာကျောင်းတိုက်ဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ နရာသဘာဘိဝံသထံမှကိုးပါးသီလခံယူဆောက်တည်ပြီး သီလရှင်စာသင်တိုက်ဆောက်လုပ်မည့် မြေနေရာလေးထောင့်အား ပရိတ်သဲ များမြှုပ်နှံ၍ဆရာတော်သံဃာတော်များက ကမ္မဝါရွတ်ဖတ်၍ မြေသန့်မင်္ဂ လာပြုလုပ်ပေးခဲ့ကြသည်။
မိုးညိုမြို့နယ်အတွင်းသီလရှင်ကျောင်းတိုက်မရှိသေးသဖြင့် ဓမ္မိကကျောင်းတိုက် ဆရာတော်ကသိန်း(၃၀)မတည်လှူဒါန်းခဲ့ခြင်းဖြစ်ပြီးစာသင်တိုက်အား အလှူရှင်များစုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment