ဖောင်းပြင်၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၌ အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား အမျိုးသား အလွတ်တန်း ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ကျင်းပခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ဘောလုံးအသင်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်က မြို့နယ် အားကစားကွင်း၌ ပြုလုပ်ကြောင်းသိရသည်။
ထိုသို့ ချီးမြှင့်ပေးခဲ့ရာတွင် ပထမဆုရရှိသည့် PTC အသင်းအား ငွေသားဆုငွေကျပ် သုံးသိန်း (၃၀၀၀၀၀) နှင့် ဒိုင်း၊ လည်ဆွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးစိုးမိုးဝင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌန၊ မြို့နယ်ဦးစီးအရာရှိ ဦးစည်သူကျော်တို့ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် Young Boy အသင်းအား ငွေသားဆုငွေကျပ် နှစ်သိန်း (၂၀၀၀၀၀) နှင့် လည်ဆွဲများကို မော်လိုက်ခရိုင်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းထိန်နှင့် ဖောင်းပြင်မြို့နယ်၊ မြို့နယ်ပညာရေးမှူး ဦးဝင်းညွှန့်တို့ကလည်းကောင်း၊ တတိယဆုရရှိသည့် Chindwin Club အသင်းအား ငွေသားဆုငွေကျပ် တစ်သိန်း(၁၀၀၀၀၀)ကို မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ အမှုဆောင်အရာရှိ ဦးအောင်ကိုလွင်ကလည်းကောင်း ချီးမြှင့်ပေး ခဲ့ကာ အားကစား သမားများက အသီးသီးလက်ခံရယူခဲ့ကြကြောင်း သိရသည်။
သတင်း - ကိုထွန်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment