ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား စတုတ္တအသုတ် ဒုတိယအကြိမ်အဖြစ် လူဦးရေ ၉၀၂၀ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား စတုတ္တအသုတ် ဒုတိယအကြိမ်အဖြစ် လူဦးရေ ၉၀၂၀ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးပြီးဖြစ်

 


မောင်တော၊ ဒီဇင်ဘာ   ၂၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အား စတုတ္တအသုတ် (ဒုတိယ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက  သတ်မှတ် စုရပ် နေရာ များတွင် ဆက်လက် ထိုးနှံ ပေး လျက်ရှိ ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် ဦးတည် အုပ်စုတွင် ပါဝင်သည့် သူများ အား ကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင် ရွက် ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနား ယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များ နှင့် တာဝန်ရှိသူများက ကူညီ ဆောင် ရွက်ပေး လျှက်ရှိ သည်။

အဆိုပါ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အနက် စတုတ္တအသုတ် (ဒုတိယ) အကြိမ်အဖြစ် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက   ဘုန်းကြီး ၊သီလရှင်ကျောင်းနှင့်သာသနာ့ဝန်ကြီး ၁ ဦး ၊ နိုင်ငံဝန်ထမ်း ၁၉ ဦး ၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၁၀၃၀ ဦး ၊ စားသောက်ကုန်နှင့်ဈေးသည် ၂၆၀ ဦး ၊ မှီခိုသူ ၁၅၀၆ ဦး ၊  NGO ဝန်ထမ်း  ၂ ဦး စုစုပေါင်းလူဦးရေ  ၂၈၁၈ ဦးအား ဆက် လက် ထိုးနှံပေးခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ထိ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၉၀၂၀ ဦးအား ကျန်းမာရေး ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များ နှင့် အ ညီ ထိုးနှံ ပေးနိုင်ခဲ့ပြီး ကျန်ရှိသူများ ကိုလည်း ဆက်လက် ထိုးနှံပေးမည် ဖြစ် ကြောင်း သိ ရ သည်။

သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)