ထန်းတပင်မြို့နယ်တွင်(အလွတ်တန်း)ဖူဆယ်လ်ဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်တွင်(အလွတ်တန်း)ဖူဆယ်လ်ဘောလုံးပြိုင်ပွဲကျင်းပ


ထန်းတပင်၊ ဒီဇင်ဘာ   ၂၇

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ချစ်ကြည်ရေး ပျော်ပွဲရွှင်ပွဲ (အလွတ်တန်း) ဖူဆယ်လ်ဘောလုံးပြိုင်ပွဲကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ မြို့မအားကစားကွင်းတွင် ဒီဇင်ဘာလ(၂၅)ရက်နေ့မှ စတင်ကာ ကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

အဆိုပါ (အလွတ်တန်း) ဖူဆယ်လ်ဘောလုံးပြိုင်ပွဲကို အသင်း(၈)သင်း ပတ်လည်စနစ်ဖြင့် အုပ်စု(၂) အုပ်စုခွဲကာ ယှဉ်ပြိုင်ကစားလျက်ရှိပြီး ဒီဇင်ဘာလ(၂၅)ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သလို ပြိုင်ပွဲသို့လည်း မြို့ပေါ်ရပ်ကွက် အတွင်းရှိ လူငယ်များနှင့် ကျေးရွာများရှိ လူငယ်များမှ အသင်းများဖွဲ့ကာ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြလျက် ရှိကြောင်းလည်း သိရသည်။

အဆိုပါ အလွတ်တန်းဖူဆယ်လ် ဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်း၌ မျိုးဆက်သစ် လူငယ် ကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အလွတ်တန်း ဖူဆယ်လ်ဘောလုံးပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇင်မင်းထိုက်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)