ရခိုင်ပြည်နယ် မောင်တောမြို့၌ ဒီဇင်ဘာဖိတ်ခေါ်ဖလား အမျိုးသမီး အလွတ်တန်း ထုတ်စည်းထိုးပြိုင်ပွဲ ဗိုလ်လုပွဲကျ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဒီဇင်ဘာဖိတ်ခေါ်ဖလား အမျိုးသမီး အလွတ်တန်း ထုတ်စည်းထိုးပြိုင်ပွဲ ဗိုလ်လုပွဲကျ

မောင်တော၊ ဒီဇင်ဘာ   ၁၃

ရခိုင်ပြည်နယ် မောင်တောမြို့၌  ဒီဇင်ဘာဖိတ်ခေါ်ဖလား အမျိုးသမီးအလွတ်တန်း ထုတ်စည်းထိုးပြိုင်ပွဲ ဗိုလ်လု ပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့  မွန်းလွှဲ ၁၂  နာရီအချိန်က မြို့မအားကစားခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။   

အဆိုပါ ဒီဇင်ဘာဖိတ်ခေါ်ဖလား အမျိုးသမီး အလွတ်တန်း ထုတ်စည်းထိုးပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့မှ စတင် ကျင်းပခဲ့ပြီး  အသင်း(၁၂)သင်းက ပါဝင် ယှဉ်ပြိုင်ကစားလာခဲ့ကြသည်။  ယနေ့မွန်းလွှဲပိုင်းတွင် ပြိုင်ပွဲဝင် အသင်း များထဲမှ ဗိုလ်လုပွဲကို တက်ရောက်လာကြသော  အသင်း(၄) သင်းက ယှဉ်ပြိုင် ကစားခဲ့ကြပြီး  ပထမဆုကို ကျီးကန်ပြင် ကျေးရွာ အုပ်စု “အောင်ရက္ခအသင်း”မှ လည်းကောင်း ၊ ဒုတိယဆုကို  မြို့ပေါ်ရပ်ကွက်များမှ “ဝတီလေးရပ်”အသင်းမှ လည်း ကောင်း ၊ တတိယဆု ကို ပဒင်းကျေးရွာအုပ်စု “ငြိမ်းချမ်းရေး” အသင်းမှ လည်းကောင်း ၊ နှစ်သိမ့်ဆုကို  ပြင်ဖြူကျေး ရွာ အုပ်စု “ပြင်ဖြူစုပေါင်း” အဖွဲ့မှ လည်းကောင်း အသီးသီးရရှိခဲ့ကြရာ ပထမဆု ငွေကျပ် ၅ သိန်း ၊ ဒုတိယဆု ငွေကျပ် ၃ သိန်း ၊တတိယဆု ငွေကျပ် ၂ သိန်း ၊နှစ်သိမ့်ဆု ၅ သောင်း စီ ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာဖိတ်ခေါ်ဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲ ၊ ဆုချီးမြှင့်ပွဲ  အခမ်းအနားကို           ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၊ အမျိုးသမီး အလွတ်တန်း ထုတ်စည်းထိုးပြိုင်ပွဲတွင် ဆု ရ ရှိခဲ့ကြ သည့် အသင်းများကိုလည်း ဆုများ အသီးသီး ချီးမြှင့်ပေးမည်ဖြစ်ကြောင်း ခရိုင်အားကစားမှူး   လက်ထောက် ညွန်ကြားရေးမှူး ဦးဇော်မင်းထွေးထံမှ သိရသည်။

သတင်း - သက်လွင်စိုး ၊ အောင်ကျော်စိန် (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)