ဒေါပုံမြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါပုံမြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ




နေပြည်တော်၊ ဒီဇင်ဘာ ၃

ဒီဇင်ဘာလ ၂ ရက်နေ့ ၁၄ ၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒေါပုံမြို့နယ်၊ ယမုံနာ(၂)ရပ်ကွက်၊ စာတိုက်(၁)လမ်းတွင် ဝင်းမိုးနိုင် စီးနင်းပြီး သန်းအေး(ခ)ဗျတ္တ လိုက်ပါလာသည့် စက်ဘီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ သန်းအေး(ခ)ဗျတ္တ ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ စစ်ဆေးပေါ်ပေါက်ချက်အရ ၁၅၀၀ အချိန် ဒေါပုံမြို့နယ်၊ ယမုံနာ(၂)ရပ်ကွက်၊ စာတိုက်(၁)လမ်းရှိ သန်းအေး(ခ)ဗျတ္တ ၏ နေအိမ်တိုက်ခန်းအား ဝင်ရောက်ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းရှိ ဝက်ဝံရုပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၂ သိန်း)နှင့် ICE (မက်သ်အဖက်တမင်း)အလေးချိန် ၅ ဂရမ်(ဒေသကာပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၇၅ သိန်း)အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။

အလားတူ ယင်းနေ့ ၁၅ ၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ ရွှေဖူးမျှော်လမ်းတွင် လမ်းလျှောက်လာသော ခင်မောင်(ခ)အီစွတ် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ ဘိန်းဖြူအလေးချိန် ၁၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၅ ၂၀ အချိန် ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ မင်းနန္ဒာလမ်းမကြီးတွင် ခင်မောင်စိုး(ခ)ဂျလစ် အား Honda Fit အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့်အတူ တွေ့ရှိခဲ့ပြီး မော်တော်ယာဉ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃ သိန်း)၊ ICE (မက်သ်အဖက်တမင်း)အလေးချိန် ၈ ဂရမ်(ဒေသကာပေါက်ဈေးတန်ဖိုးငွေကျပ် ၂.၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၁၆ ၁၀ အချိန် ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ နွယ်နီ(၄)လမ်းရှိ ခင်မောင်စိုး(ခ)ဂျလစ် ၏ နေအိမ်တိုက်ခန်းအား ဝင်ရောက်ရှာဖွေရာ နေအိမ်ရှေ့ခန်းရှိ ပလတ်စတစ် ပုံးအတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၄၃၁၂၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၃၁.၂ သိန်း)၊ ICE (မက်သ်အဖက်တမင်း)အလေးချိန် ၄၂၅ ဂရမ်(ဒေသကာပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၈.၇၅ သိန်း)နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ ဝင်းမိုးနိုင်(၁၉)နှစ်၊ သန်းအေး(ခ)ဗျတ္တ(၂၀)နှစ်၊ ခင်မောင်(ခ)အီစွတ်(၄၄)နှစ် နှင့် ခင်မောင်စိုး(ခ)ဂျလစ်(၄၂)နှစ် တို့အား ဒေါပုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)