ဟင်္သာတမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ


ဟင်္သာတ၊ ဒီဇင်ဘာ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ ကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့ ၊ တာကလေးရပ်ကွက် ဦးအောင်မြတ်ကျော် ဘုရားဝန်း ပြည်လုံးချမ်းသာ ခန်းမနှင့် သတ်မှတ်စုရပ်များတွင်  အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကို ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို အသက်(၁၈)နှစ်နှင့် အထက်နှင့် သက်ကြီးရွယ်အိုများ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ ဈေးသူဈေးသားများ ၊ ဟိုတယ် တည်းခိုးခန်း ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ ၊ အလုပ်သမားအဖွဲ့များ ၊ အကျဉ်းသားများ ၊ကျန်းမာရေးဝန်ကြီးဌာန မှ သတ်မှတ် ထုတ်ပြန်ထားသော    ဦးတည်အုပ်စုများအလိုက် ဦးစားပေးအစီအစဉ်ဖြင့် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။        

ကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မူနှင့်အတူ ၊  ကျန်းမာရေးဝန်ထမ်းများ၊ လူမူရေး အသင်းအဖွဲ့ဝင်များက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများအတိုင်း စနစ်တကျ ရှိရေး ဆောင်ရွက်ပေးခြင်း၊  ဌာနဆိုင်ရာဝန်ထမ်းများ ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များ၊ လူမူရေးအဖွဲ့များ က လည်း ကာကွယ်ဆေးထိုးလုပ်ငန်းများတွင်  ကျန်းမာရေးဌာန ဝန်ထမ်းများနှင့်အတူ နေ့စဉ် ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်ကော်မတီမှ သိရှိရသည်။       

သတင်း - ကိုဇော် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)