ထိုင်ဝမ်(တရုတ်-တိုင်ပေ) မှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအား (၁၆) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်ဝမ်(တရုတ်-တိုင်ပေ) မှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအား (၁၆) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်

 


ဟောင်ကောင်၊ ဒီဇင်ဘာ ၂၆

ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအတွက် (၁၆) ကြိမ်မြောက် တိုင်ပေ-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်ကို Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယနေ့ ၂၆-၁၂-၂၀၂၁ ရက် (တနင်္ဂနွေနေ့) နံနက် ၀၇:၀၀ နာရီချိန်တွင် တိုင်ပေမြို့မှ ရန်ကုန်မြို့ သို့ ပျံသန်းသည့် China Airlines လေကြောင်းပျံသန်းအမှတ် CI-7915 ကုန်တင်လေယာဉ်ဖြင့် မြန်မာနိုင်ငံသား (၁၀၇) ဦးတို့ ရန်ကုန်မြို့သို့ ချောမောစွာ ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ တားဆီးနိုင်ရန် ရည်ရွယ်၍ ခရီးသည်များအနေဖြင့် ခရီးစဉ် မတိုင်မီ (၇၂) နာရီအတွင်း Covid-19 ရောဂါ စစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း မြန်မာကောင်စစ်ဝန်ရုံးက ထုတ်ပြန်ထားသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ဟောင်ကောင်နှင့် မကာအိုဒေသတို့မှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအတွက် စုစုပေါင်း (၆) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အဖြစ်လည်းကောင်း၊ ထိုင်ဝမ်(တရုတ်-တိုင်ပေ)ဒေသမှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအတွက် (၁၆) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အဖြစ်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသား စုစုပေါင်း (၂၀၅၆) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)