စစ်တွေမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ဘင်္ဂါလီတရားမဝင်သစ်မှောင်ခိုလှေ တစ်စီး ဖမ်းဆီး ရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ဘင်္ဂါလီတရားမဝင်သစ်မှောင်ခိုလှေ တစ်စီး ဖမ်းဆီး ရမိ



နေပြည်တော်၊ ဒီဇင်ဘာ ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်းလုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၂ နာရီခန့်တွင် မေယုကျွန်း၏ အရှေ့မြောက် ဘက် ရေမိုင် ၈ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ်လှေ ၁ စီးအား တွေ့ရှိသဖြင့် မီးအချက်ပြ ခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ အရှေ့တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ခြောက်လှန့်ပစ်ခတ်လိုက်လံဖမ်းဆီးခဲ့ရာ မေယုကျွန်း၏ အရှေ့မြောက်ဘက် ရေမိုင် ၉ ဒသမ ၅ မိုင်ခန့်အကွာ၌ ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါလှေအား စိစစ်ခဲ့ရာ တရားဝင်စာရွက် စာတမ်းတစ်စုံတစ်ရာ မပါရှိဘဲ သစ်ခွဲသားဆိုဒ်စုံ ၁၅ တန်နှင့်အတူ ပေါက်တောမြို့နယ်နေ ဘင်္ဂါလီလူမျိုး ၆ ဦး( ၁ ဦးသေဆုံး၊ ၃ ဦးလက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရ) တို့အား ဖမ်းဆီးရမိခဲ့သည်။

အထက်ပါ ဖမ်းဆီးရမိတရားခံများအနက် ဒဏ်ရာရရှိသူများအား လိုအပ်သော ဆေးဝါးကုသပေးမှုဆောင်ရွက်ပေးပြီး သက်ဆိုင်ရာသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)