ပုံပါကျင်မြို့တွင် ပန်းခင်းစီမံချက်စတင် ဆောင်ရွက်ချိန်မှ ယနေ့အထိ နိုင်ငံသားစိစစ်ရေး ကတ်ပြား(၄၆၈၅) ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၂၀၆ )စု ထုတ်ပေးပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုံပါကျင်မြို့တွင် ပန်းခင်းစီမံချက်စတင် ဆောင်ရွက်ချိန်မှ ယနေ့အထိ နိုင်ငံသားစိစစ်ရေး ကတ်ပြား(၄၆၈၅) ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၂၀၆ )စု ထုတ်ပေးပြီးဖြစ်

 


ပုံပါကျင်၊ ဒီဇင်ဘာ  ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပုံပါကျင် ရှေ့တန်းရုံးမှ ပုံပါကျင်မြို့အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်း ဆောင်ရွက်ခြင်းကို ၂ဝ၂၁ခုနှစ်၊ မေလ ၃ ရက်နေ့ မှ ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့အထိ (၁၈)လ သတ်မှတ်ဆောင်ရွက်ခဲ့ရာ ပုံပါကျင်မြို့အတွင်း ယနေ့အထိ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၄၆၈၅)ခုနှင့် အိမ်ထောင်စု(၁၂၀၆)စု အတွက် အိမ်ထောင်စုလူဦးရေစာရင်းများကို ပြုလုပ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း ပုံပါကျင် ရှေ့တန်းရုံး တာဝန်ခံ လဝကမှူး ဦးမြင့်မိုးထံမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုံပါကျင်မြို့ရှိ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာ(၅)ရွာနှင့် `ဝ´ အထူးဒေသမှ ကျေးရွာ(၂)ရွာရှိ ပြည်သူများထံသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ် ပြုလုပ်ပေးခြင်း၊ ပျက်စီး၊ ပျောက်ဆုံးသူများ ကိုမိတ္တူပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး၊ သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း တိုး/လျော့/ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်း - သန္တာ(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)