စစ်တွေမြို့တွင် ကျင်းပသော (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့တွင် ကျင်းပသော (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်











စစ်တွေ၊ ဒီဇင်ဘာ ၁၅

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ အခမ်းအနားသို နိုင်ငံတောင်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲဝင်များ ဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲဝင် ဒေါ်နုမြဇံ၊ ဦးစောဘလှိင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်အစိုးရအဖွဲဝင်ဝန်ကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို ရခိုင်တိုင်းရင်းသားရိုးရာအကအဖွဲက “ဂုဏ်တော်ဖွင့် ဆီမီးခွက်” ယိမ်းအကဖြင့် ကပြဖျော်ဖြေကြသည်။

ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို ပေးပိုသည့်သဝဏ်လွှာကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲဝင် ဒေါ်အေးနုစိန်က ဖတ်ကြားပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်နေ့ မိန့်ခွန်းပြောကြားသည်။

ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အစိုးရအဖွဲ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုနှင့် ပူးပေါင်းပြီး ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ တပ်မတော်သားများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ၊ မှတ်တမ်းတင်ဂုဏ်ပြုလွှာများကို လည်းကောင်း၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ်အတွင်းရှိ မြိုနယ်၊ ကျေးရွာများအတွက် DVB –T2 Set Top Box အလုံး ၁၅၀၀ ကို  ပေးအပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက လက်ခံရယူသည်။

ဆက်လက်၍ တိုင်းရင်းသားရိုးရာ အကအဖွဲများဖြစ်ကြသော မြိုတိုင်းရင်းသား၊ ခမီတိုင်းရင်းသား၊ ဒိုင်းနက်တိုင်းရင်းသား၊ သက်တိုင်းရင်းသားတိုက ရိုးရာအကများဖြင့် ကပြဖျော်ဖြေကြပြီး ရခိုင်တိုင်းရင်းသားရိုးရာ အကအဖွဲက “ရိုးတောင်ရိပ်က သာချင်းသံ” ယိမ်းအကဖြင့် ကပြဖျော်ဖြေကြကာ အခမ်းအနားအားရုပ်သိမ်းလိုက်သည်။

ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ၁၉၇၅ ခုနှစ်မှ စတင်၍ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယနေ့ဆိုလျှင် (၄၇)နှစ်မြောက် တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)