အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၃)ကြိမ်မြောက်အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးနှင့်အကြိမ် (၂၀) မြောက်အထွေထွေညီလာခံကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၃)ကြိမ်မြောက်အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးနှင့်အကြိမ် (၂၀) မြောက်အထွေထွေညီလာခံကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာ ၁၅

အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၃)ကြိမ်မြောက်အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးနှင့် အကြိမ် (၂၀)မြောက် အထွေထွေညီလာခံတို့ကို ယနေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ စစ်မှုထမ်း ဟောင်းအဖွဲ့မှ ဦးစီး၍  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အဖွဲ့ဝင် နိုင်ငံ ၁၀ နိုင်ငံမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ မှ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း) ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၄ ဦး တက်ရောက်ကြသည်။

(၃၃)ကြိမ်မြောက်အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို နံနက် ၈ နာရီတွင် ကျင်းပ ရာ သဘာပတိအဖြစ် ဗီယက်နမ် နိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ Lieutenant General (Ret) Nguyen Song Phi က ဆောင်ရွက်သည်။ အလုပ်အမှု ဆောင်အဖွဲ့ အစည်း အဝေးတွင် အကြိမ် (၂၀) မြောက် အထွေထွေ ညီလာခံသို့တင်သွင်းမည့် အဆိုပြုတင်ပြထား သော ဆုံးဖြတ်ချက် (၁၀)ချက်ကို ပြန်လည် သုံးသပ်ခြင်းနှင့် အတည်ပြု ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အကြိမ် (၂၀)မြောက် အထွေထွေညီလာခံကို မွန်းလွဲ၁ နာရီတွင် ကျင်းပရာ သဘာပတိ အဖြစ် ဗီယက်နမ်နိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ Senior Lieutenant General (Ret) Nguyen Van Duoc က ဆောင်ရွက်ခဲ့သည်။ ညီလာခံတွင် (၃၃) ကြိမ်မြောက် အလုပ်အမှု ဆောင်အဖွဲ့အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို အတည်ပြုကာ အလှည့်ကျဥက္ကဋ္ဌ တာဝန်အား ထိုင်းနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)