တကောင်းမြို့၊ ဖုန်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တကောင်းမြို့၊ ဖုန်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ကွင်းဆင်းထိုးနှံပေး

တကောင်း၊ ဒီဇင်ဘာ   ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးကြီးကြပ်မှုကော်မတီနှင့် ကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဖုန်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာမျာမှ ဒေသခံပြည်သူ များအား သတ်မှတ်စုရပ်တွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် ဖုန်ကုန်းကျေးရွာအုပ်စု အတွင်း ရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးစစ် ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်များ ရေးသွင်းခြင်းတို့ ဆောင်ရွက်ပေး၍ ကာကွယ် ဆေးကို ထိုးနှံခဲ့ကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကြီးကြပ်မှု ကော်မတီ နှင့် ကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်ကာ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး များက ပူးပေါင်း ပြီး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ ဖုန်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသည့် ဒေသခံပြည်သူ (၂၂)ဉီး၊ ဒုတိယ အကြိမ်ကာကွယ် ဆေးထိုးနှံသူ (၁၈)ဦး စုစုပေါင်း (၄၀)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သတင်း - သီရိအောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)