ဒေးဒရဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က မြတ်စေတနာဘိုးဘွားရိပ်သာသို့ အာဟာရဒါနနှင့်ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က မြတ်စေတနာဘိုးဘွားရိပ်သာသို့ အာဟာရဒါနနှင့်ထောက်ပံ့ငွေများပေးအပ်





ဒေးဒရဲ၊ ဒီဇင်ဘာ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က အမှတ်(၁)ရပ်ကွက်ရှိ မြတ်စေတနာ ဘိုးဘွားရိပ်သာသို့ ယမန်နေ့ နေ့လည်ပိုင်းက အာဟာရဒါနနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဘိုးဘွားများ စားသောက်နေထိုင်ရေး အခက်အခဲမရှိစေရန်အတွက် ဒေးဒရဲမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မြတ်စေတနာ ဘိုးဘွားရိပ်သာရှိ အဘိုး(၁)ဦး၊ အဘွား(၈)ဦး စုစုပေါင်း ဘိုးဘွား(၉)ဦးအတွက် တစ်ရက်စာအာဟာရဒါန နှင့်ထောက်ပံ့ငွေ(၂၅၀၀၀)ကျပ်ကို ဒေးဒရဲမြို့ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက မြတ်စေတနာဘိုးဘွားရိပ်သာရှိ  တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း - အေဇာလင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)