ကလိန်အောင်၊ ဒီဇင်ဘာ ၈
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသောပြည်သူများနှင့်(ဒုတိယအကြိမ်)ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ဒီဇင်ဘာ (၈)ရက် နံနက်(၉)နာရီအချိန်ခန့်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလိန်အောင်မြို့ သဒ္ဓမ္မံရံသီအောင်တော်မူဝတ်ပြုကျောင်း၌ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင်အသက်(၁၈)နှစ်နှင့်အထက်ကာကွယ်ဆေးမထိုးနှံရသေးသောပြည်သူ(၂၀၀)ဦး၊ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူပြည်သူ(၁၉၅)ဦး စုစုပေါင်း(၃၉၅)ဦးတို့အား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့်ကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စနစ်တကျထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့ဝင်များက လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - မိုးမိုးခိုင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment