မင်းလှမြို့၌ အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့၌ အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲကျင်းပ


အထက်မင်းလှ၊ ဒီဇင်ဘာ  ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင် လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံ‌ငွေ ထောက်ပံ့ပေးမှု၊ မြို့နယ်အတွင်းရှိ ပြည်သူများ၏ ပူးပေါင်းပါဝင် ထည့်ဝင်လှူဒါန်းမှုဖြင့် မင်းလှမြို့ ပြည်သူ့ဆေးရုံဝန်း အတွင်း၌ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ပြီး၍ အောက်ဆီဂျင် စက်တပ်ထားပြီးဖြစ်ရာ အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲက        အဆိုပါ အောက်ဆီဂျင် စက်ရုံ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာသည့် ဆရာတော် သံဃာတော်များမှ   ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ထို့နောက်‌ အောက်ဆီဂျင် စက်ရုံဖွင့်ပွဲ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုး၊ မြို့မိမြို့ဖ ဒေါက်တာအောင်မြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အောက်ဆီဂျင်စက်ရုံအား မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနသို့ လွဲပြောင်းပေးခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက လက်ခံရယူခဲ့သည်။

မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာ‌ရေး‌ စောင့်ရှောက်မှု‌ပေးရာတွင် အောက်ဆီဂျင်လုံ လောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံ‌ငွေ ထောက်ပံ့ပေးမှု၊ မင်းလှမြို့နယ် အတွင်းရှိ      ကျောင်းတိုက် အသီးသီးမှ ဆရာတော်၊ သံဃာတော်များ၊ ဒေသခံပြည်သူများနှင့် စေတနာရှင် အလှူရှင်များ စုပေါင်း လှူဒါန်းမှုဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံဝန်းအတွင်း၌ အောက်ဆီဂျင်စက်ရုံ အဆောက်အဦ အလျား ၄၈ ပေ၊ အနံ ၂၄ ပေအား တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး      အောက်ဆီဂျင်စက် စတင်လည်ပတ်လျက်ရှိရာ တစ်နေ့လျှင်‌‌အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၈၀ ထုတ်လုပ်‌နိုင်ပြီး မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အရေးပေါ် အောက်ဆီဂျင် လိုအပ်မှုများကို အချိန်နှင့်တစ်‌ပြေးညီ ဖြည့်ဆည်းဆောင်ရွက်‌ ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဇာဇာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)