ကလောမြို့နယ်တွင် အသက်(၁၈)နှစ်အောက် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလောမြို့နယ်တွင် အသက်(၁၈)နှစ်အောက် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ

 


ကလော၊ ဒီဇင်ဘာ  ၁၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက် (၁၈)  နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကလောမြို့နယ် ကိုယ်စားပြု လူရွေးချယ်ယှဉ်ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီခန့်က ကလောမြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့် လူငယ်ရေးရာဦးစီးဌာနမှ   အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးအသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မီတာ (၁၀၀) ကျား /မ (ငယ်) ၊  မီတာ(၁၀၀) ၊   မီတာ(၂၀၀) ၊ မီတာ(၄၀၀) ကျား / မ (ကြီး )၊ သံလုံးပစ် ကျား / မ နှင့် အလျားခုန် ကျား  /  မ ပြိုင်ပွဲများ ကျင်းပခဲ့ရာ ကလောမြို့နယ်ရှိ အ.ထ.က ၊ အ.ထ.က (ခွဲ) ကျောင်းများမှ အသက် (၁၈) နှစ်အောက် ကျောင်းသား/ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား မြို့နယ်အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်းနှင့်  တာဝန်ရှိသူများက  ဆုများပေးအပ်ချီးမြှင့် ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းများအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)