ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ကျေးရွာလျှပ်စစ်မီးလင်းရေးတက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ကျေးရွာလျှပ်စစ်မီးလင်းရေးတက်ရောက်ဖွင့်လှစ်


ဇလွန်၊ ဒီဇင်ဘာ   ၅ 

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်ညောင်ပင်ဈေးရပ်ကွက်အင်းကုန်းရွာတွင် နိုင်ငံတော်မှဆောင်ရွက်ပေးမှုနှင့်ကျေးရွာမှကိုယ်ထူ ကိုယ်ထ ဆောင်ရွက်ထားသောလျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ညောင်ပင်ဈေးရပ်ကွက် အင်းကုန်းရွာတွင် တပ်ဆင်ထားသော  လျှပ်စစ်မီးအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပြီး ညောင်ပင်ဈေးရပ်ကွက် အင်းကုန်းရွာတွင် နိုင်ငံတော်မှဆောင်ရွက်ပေးသော ၁၁ ကေဗွီလိုင်း ဝ.၁၃ မိုင် ၊  ၁၁/ဝ.၄ ကေဗွီထရန်စဖော်မာ ၂၀၀ ကေဗွီအေအတွက် နိုင်ငံတော်မှစိုက်ထုတ်ကုန်ကျငွေကျပ်သန်း ( ၁၆.၅၅ ) ၊ ကျေးရွာမှကိုယ်ထူကိုယ်ထဆောင်ရွက်သော ၄၀၀ ဗို့လိုင်း ဝ.၃၄ မိုင်အတွက် ကျေးရွာမှစိုက်ထုတ်ကုန်ကျငွေကျပ်သန်း ( ၁၁.၉၀)ဖြင့်လျှပ်စစ်မီးလင်းရေးဆောင်ရွက်နိုင်ခဲ့ပြီးအိမ်သုံးမီတာ( ၃၉ )လုံးသုံးစွဲပြီးကြောင်းသိရသည်။

သတင်း - ဝေယံ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)