ဇလွန်၊ ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်ညောင်ပင်ဈေးရပ်ကွက်အင်းကုန်းရွာတွင် နိုင်ငံတော်မှဆောင်ရွက်ပေးမှုနှင့်ကျေးရွာမှကိုယ်ထူ ကိုယ်ထ ဆောင်ရွက်ထားသောလျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ညောင်ပင်ဈေးရပ်ကွက် အင်းကုန်းရွာတွင် တပ်ဆင်ထားသော လျှပ်စစ်မီးအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပြီး ညောင်ပင်ဈေးရပ်ကွက် အင်းကုန်းရွာတွင် နိုင်ငံတော်မှဆောင်ရွက်ပေးသော ၁၁ ကေဗွီလိုင်း ဝ.၁၃ မိုင် ၊ ၁၁/ဝ.၄ ကေဗွီထရန်စဖော်မာ ၂၀၀ ကေဗွီအေအတွက် နိုင်ငံတော်မှစိုက်ထုတ်ကုန်ကျငွေကျပ်သန်း ( ၁၆.၅၅ ) ၊ ကျေးရွာမှကိုယ်ထူကိုယ်ထဆောင်ရွက်သော ၄၀၀ ဗို့လိုင်း ဝ.၃၄ မိုင်အတွက် ကျေးရွာမှစိုက်ထုတ်ကုန်ကျငွေကျပ်သန်း ( ၁၁.၉၀)ဖြင့်လျှပ်စစ်မီးလင်းရေးဆောင်ရွက်နိုင်ခဲ့ပြီးအိမ်သုံးမီတာ( ၃၉ )လုံးသုံးစွဲပြီးကြောင်းသိရသည်။
သတင်း - ဝေယံ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment