ပခုက္ကူမြို့နယ်တွင် အသက်တစ်နှစ်ခွဲကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ စုစုပေါင်း (၃၂၄၄)ဦးအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်တွင် အသက်တစ်နှစ်ခွဲကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ စုစုပေါင်း (၃၂၄၄)ဦးအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပြီးစီး


ပခုက္ကူ၊ ဒီဇင်ဘာ   ၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ အသက်(၂)လမှ (၁၈)လအအတွင်း တစ်နှစ်ခွဲကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁ရက်မှ စတင်ဆောင်ရွက်ကြရာ ယခုအခါ စုစုပေါင်း(၃၂၄၄)ဦး ထိုးနှံတိုက်ကျွေးပြီးစီးကြောင်း သိရသည်။

ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပခုက္ကူမြို့၊ ဒေသန္တရကျန်းမာရေးဌာနခွဲ (၁)နှင့် ဒေသန္တရကျန်းမာရေးဌာနခွဲ (၂)တို့တွင် ဆေးထိုးစုရပ်နှစ်နေရာခွဲ၍  အသက်(၂)လမှ (၁၈)လအတွင်း တစ်နှစ်ခွဲကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက် -ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)နှင့် ဦးနှောက်အမြှေးရောင်ရောဂါများ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုး နှံ/တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း စသည့် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ခြင်း လုပ်ငန်းများဆောင်ရွက်ကြရာ ဒီဇင်ဘာလ ၁ရက်မှ ၉ရက်နေ့အထိ တစ်နှစ်ခွဲ ကလေးငယ် (၂၉၅၃)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၂၉၁)ဦး၊ စုစုပေါင်း (၃၂၄၄)ဦးတို့အား ထိုးနှံပြီးစီးကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှစတင်၍ လစဉ် ၁ရက်နေ့မှ ၁၀ရက်နေ့အထိ နေ့စဉ် နံနက်၈နာရီမှ နေ့လယ်၁၂နာရီ အတွင်း မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာအုပ်စုများတွင် ဆေးထိုးစုရပ်နေရာသတ်မှတ်ကာ နယ်မြေခံကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန်လှည့်လည် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးမထိုးရသေးသည့် ကလေးငယ်များကို ဆေးထိုးစုရပ်များတွင် လာရောက်ထိုးနှံကြရန်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း  ကျန်မာရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရန်နှင့် ရောဂါလက္ခဏာတစ်ခုခုဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံးသွားရောက်ပြသရန် လိုအပ်ကြောင်းတို့ကို အသိပညာပေးဆောင်ရွက်ကြကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)