ဝက်လက်၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ် တစ်ခါမှ ထိုးနှံခြင်းမရှိသေးသည့် မြို့မစည်ပင်သာယာဈေး အတွင်း အပြင် ဈေးရောင်းချ နေသူများကို ယမန်နေ့ ကဈေးရုံး ခန်းတွင် ထိုးနှံပေးကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဆေးတစ်လုံးကို ငါးဦးနှုန်း ထိုးနှံပေးရာ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေစေခြင်း စသည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးပြီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေး ကြောင်း သိရသည်။
ဝက်လက်မြို့၊ မြို့မ စည်ပင်သာယာဈေး အတွင်း၊ အပြင် ဈေးရောင်းချနေသူ ၂၁၀ ဦးကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးကြောင်းကို မြို့နယ်အဆင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော် မတီထံမှ သိရှိရပါသည်။
သတင်း - စိုးစိုးလှိုင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment