မိုင်းခတ်၊ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းကကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ မြို့မစျေးရှိစျေးဆိုင်ရှင်များ၊ မြို့တွင်း ဝင်/ထွက်သွားလာသူများ၊ ပိုးတွေ့လူနာများ၏မိသားစုဝင်များ၊ Contactထိတွေ့သူများစုစုပေါင်း လူဦးရေ (၇၁) ဦးအား RDTtestkitဖြင့် စစ်ဆေးရာကိုဗစ်-၁၉ရောဂါပိုး(၁)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါလူနာအား မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်တွင်ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ခံဆရာဝန်ထံမှ သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment