ညောင်တုန်းမြို့နယ်တွင် ယူရီးယားဓါတ်မြေသြဇာအိတ်များဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် ယူရီးယားဓါတ်မြေသြဇာအိတ်များဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကျင်းပ


ညောင်တုန်း၊ ဒီဇင်ဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယူရီးယားဓါတ်မြေသြဇာအိတ်များဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးလူချောက ယူရီးယားဓါတ်မြေသြဇာအိတ်များဖြန့်ဖြူးခြင်းနှင့်ပတ်သက်၍ရှင်းပြောကြားကာ အခမ်းနားသို့တက်ရောက်လာကြသည့် တောင်သူများအား ယူရီးယားဓါတ်မြေသြဇာအိတ်များဖြန့်ဖြူးပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နွေစပါးစိုက်တောင်သူစုစုပေါင်း (၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)