စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် သိန်း (၁၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများဖမ်းမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် သိန်း (၁၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများဖမ်းမိ



နေပြည်တော်၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် သိန်း (၁၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများဖမ်းမိရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၅ ရက် ည ၆နာရီခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာအုပ်စု၊ ခေါင်ခမ်းကျေးရွာ၊ ဟုမ္မလင်း-ခေါင်ခမ်းသွားလမ်းဘေး ခြုံတောအတွင်းတွင် မော်တော်ဆိုင်ကယ် ၂ စီးဖြင့် တွေ့ရှိသူ အောင်ဆန်းဝင်း(ခ) အောင်ဆန်း၊ ဖိုးကြီး၊ စောမင်းတင်(ခ)အိုက်ပါး နှင့် သန်းဇော် တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ ဘိန်းဖြူ အလေးချိန် ဝ.၁၄၀၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၆.၁၂ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆၃ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀.၈၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူဖမ်းမိသည့် အောင်ဆန်းဝင်း(ခ)အောင်ဆန်း(၂၃)နှစ်၊ ဖိုးကြီး(၃၇)နှစ်၊ စောမင်းတင်(ခ)အိုက်ပါး(၃၄)နှစ် နှင့် သန်းဇော်(၃၄)နှစ် တို့အား ဟုမ္မလင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


သတင်း - သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)