ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး


ရန်ကုန်၊ ဒီဇင်ဘာ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ် အထက်နှင့် အသက်(၄၀) အထက် ရဟန်းရှင် လူပြည်သူများအား လူမျိုးဘာသာမရွေး ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို  မြို့နယ်အတွင်း စုရပ်သုံးနေရာများ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ  အသက်(၁၈)နှစ် အထက် ပြည်သူများအား ဒီဇင်ဘာ ၈ ရက်နေ့တွင် ပထမအကြိမ် စတင်ထိုးနှံပေးရာ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၈၅၄ ဦးရှိကြောင်း သိရသည်။ အသက်(၄၀)နှစ်အထက် ပြည်သူများကိုလည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၈ ရက်နေ့တွင် ၁၁၁၅ ဦး ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်မူမြင့် တို့၏ လမ်းညွှန်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူ များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်း - မြင့်မြင့်ရီ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)